Wednesday, October 15, 2014
ရခိုင်နိုင်ငံရီးသမားရို့  လိလာရန်
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က မူလတန်းကျောင်းမှာ အချေတိကို တခါက မီးပါရေ- ရခိုင်ပြည်နယ်မြို့ တော်ဆိုစော် ဇါမြို့ လဲလို့  မီးပါရေ ။ အချေတိ မဖြေနိုင်ပါလတ် ။ သိလဲ မသိပါလတ် ။ ကျွန်တော်ကောင်းကောင်း လန့် လားခပါရေ ။ သမိုင်းလိမ်ဘင်္ဂလီတိက ကျွန်တော်ရို့ ရခိုင်ပြည်မှာ ခိုးဝင်နီပနာ သူရို့ ပြည်လို့  အော်ပြောနီကတ်စော်ကို မြင်ရကြားနီရပါရေ ။ ယေကေ ဒေချင့်ကို ဇါပိုင်လုပ်ဖို့ လဲဆိုစော် စိုင်းစားဖြစ်ပါရေ ။
ကျွန်တော်ရို့ မှာ မြို့ တော်ဟိရေ ။ ရခိုင်လူမျိုးနီတိနီစော် မြီနီရာ ဧရိယာအကျယ်အ၀န်းဟိရေ ။ ကိုးကွယ်စော်ဘာသာက ဗုဒ္ဒဘာသာဖြစ်တေ ။ ရခိုင်လူမျိုးနွယ်စုတိဟိရေ ။ ဒေချင့်တိကို ရခိုင်သားချေတိကို သိစီချင်လာရေ ။ ယေဇူးနင့်လဲ ကျွန်တော်ဒေစာအုပ်ကို ထုတ်ဖြစ်စော်ထဲမှာ ရည်ရွယ်ချက် တခုပါပါရေဒေ ။။။။။
မြန်မာနိုင်ငံကို ကြည့်လိုက်ကေ တိုင်းရင်းသားလူမျိုးတိနင့် ဖွဲ့ စည်းထားရေ နိုင်ငံလို့ ပြောကတ်တေ ။ လွပ်လွပ်ရီးရလားရေအခါ -၁၉၄ရ-ခုနှစ်က ရွီးဆွဲထားခစာ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူ ပ်ပုံ အခြေခံဥပဒေကိုစီ ပြောကတ်တေ ။ ယေပြီးကေ ဗိုလ်
ချူ ပ်ကြီးနေ၀င်းက အဏာသိမ်းလားရေအခါ -၁၉ရ၄-ခုနှစ်မှာ မြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချူ ပ်
ပုံအခြေခံဥပဒေဆိုစော် ပြဋ္ဌန်းရေ ။ ယင်းချင့်လဲ -၁၉၈၈-ခုနှစ်ကို ရောက်တေအခါ ပျက်ကျလားရေ ။ အခု-၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူ ပ်ပုံအခြီခံ ဥပဒေနင့် နိုင်ငံကို အုပ်ချူ ပ်နီရေ ။
တိုင်းရင်းသားလူမျိုးတိမှာ ကိုယ့်ပြည်နယ်ဖွဲ့ စည်းအုပ်ချူ ပ်ပုံအခြေခံဥပဒေနင့် ကိုယ်ပိုင်ဥပဒေပြဋ္ဌန်းပိုင်ခွင့်နင့် ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးရီးဆိုစော် တခုလဲ မဟိခရ ။ ရှမ်းမူလို့ ခေါ်ရေ ရှမ်းပြည်နယ် ဖွဲ့ စည်းအုပ်ချူ ပ်ပုံ အခြီခံဥပဒေဆိုစော်ရာ မြန်မာနိုင်ငံ လွပ်လွပ်ရီးရလာရေအခါ ပင်လုံနင့်အတူ အသံတိ ထွက်လာရေ ။
ရခိုင်လူမျိုးတိမှာကျခါ တမူလဲ မချပြနိုင်ခ ။ ပင်လုံနင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ရခိုင်မူဆိုစော် မဖြစ်ခကတ် ။ ယေကေလေးသွင့် ရခိုင်သမိုင်းဆိုစော် ဟိခရေ ။ ယင်းပိုင်ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငြန်းနင့် နီခကတ်တေ ရခိုင်လူမျိုးတိမှာ အလှပလှ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူ ပ်ပုံအခြီခံ ဥပဒေဆိုစော် ဟိခရေ ။ ယင်းပိုင်ဟိခစော်တိကို လိလာကြည့်ရေအခါ ဒေပိုင်ဟိခယင့်သားနင့် ရခိုင်လူမျိုးတိမှာ ရခိုင်ပြည်ဖွဲ့ စည်းအုပ်
ချူပ်ပုံ အခြီခံဥပဒေ ဟိသင့်ရေလို့ ထင်လာရေ ။
အခုမျက်မှောက်ကာလမှာ ထီးကျိုးစည်ပေါက် ရခိုင်လူမျိုးတိလဲ ကထောက်ကရောက် ဖြစ်ချင်ပိုင် ဖြစ်လားခကတ်တေအခါ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံရေးကို တည်ထောင်ဖို့ လုပ်လာကတ်တေ ။ ယေကေ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ကတ်တေအခါ ပြည်နယ်တိကို ပေါင်းစုစော်မျိုး အမှန်ဖြစ်ယင့်လား ဆိုစော်ကို စိုင်းစားမိရေ ။
ပြည်နယ်တိကို ပေါင်းပနာ လုပ်တေ ပြည်ထောင်စုဆိုစော် ဖက်ဒရယ်ပြည်ထောင်စုဖြစ်တေ ။ ပေါ်လီစီဆိုစော် တခုက ယင်းပိုင် ပြည်နယ်တိကို ပေါင်းရေအတွက် ပြည်နယ်တိသဘောဆန္ဒအရ ပါစော်တိကို ဦးစားပီးရရေ ။ ပြည်နယ်တိ သဘောဆန္ဒအရ ဆိုစော် ဥပဒေ-စည်းကမ်း-မူဝါဒ-လမ်းစိုင်တိကို ပြောစော်ဖြစ်တေ ။
ကိုယ့်အိမ်မှာ နီကေ ကိုယ့်စည်းကမ်း-ကိုယ့်ရွာမှာနီကေ ရွာစည်းကမ်း-မြို့ မှာနီကေ မြို့ စည်းကမ်း-ပြည်မှာနီကေ ပြည်စည်းကမ်း-နိုင်ငံမှာနီကေ နိုင်ငံစည်းကမ်း ဆိုစော်ကို လေးစားရရေ -လိုက်နာရရေ ။ အဖွဲ့ အစည်းဆိုကေ အဖွဲ့ အစည်းတိုင်းမှာ စည်းကမ်းဟိရရေ ။ ဖွဲ့ စည်းပုံဥပဒေဟိရရေ ။ နိုင်ငံရီးပါတီဆိုကေလဲ ဖွဲ့ စည်းပုံအုပ်ချူ ပ်ပုံ အခြီခံ ဥပဒေဟိရရေပိုင် နိုင်ငံဆိုကေလဲ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူ ပ်ပုံအခြီခံ ဥပဒေဆိုစော် ဟိရရေ ။
စည်းကမ်းဆိုစော် အတားအရံ တခုဖြစ်ဖြစ်တေ ။ ကွပ်ပျစ်မှာလဲ အကွပ်နင့်ပိုင် လူမှာလဲ လူ့ စည်းကမ်းဆိုစော် ဟိရရေ ။ အခု ရခိုင်လူမျိုးတိမှာ ရခိုင်လူ့ စည်းကမ်းဆိုစော် ဟိခရေ ။ ဥပမာတခုပြောရကေ ရခိုင်ရှင်ဘုရင်လက်ထက်က ရွှေမျှ ဉ်းဓမ္မသတ်ဆိုစော် ဟိခကတ်တေ ။ ယင်းချင့်က အခုခေတ်စကားနင့် ပြောကေ ရခိုင်နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူ ပ်ပုံလို့ ခေါ်စော်မျိုးဖြစ်တေ ။
ဒေအချိန်မှာ ရခိုင်ပြည်ကြီးကလဲ ရွှေထီးမဆောင်နိုင်ဗျန်ဖြစ်လို့  စိကေတဗွေ လျှော့ပနာ ရခိုင်ပြည်ဖွဲ့ စည်းအုပ်ချူ ပ်ပုံအခြီခံဥပဒေ ( မူကြမ်း ) နင့် အဓိပ္ပယ်ရှင်းလင်းချက်စာအုပ်ကို ရွီးသားထုတ်ဝိဖို့  ကြိုးစားလိုက်စော်ဖြစ်တေ ။ လွန်ခရေ -၂၀၀၄-ခုနှစ်ကပင် ဒေရခိုင်ပြည်ဖွဲ့ စည်းအုပ်ချု ပ်ပုံအခြီခံဥပဒေ စာအုပ်ကို ရွီးခ ထုတ်ခ ဖြန့် ချီခဗျန်ဖြစ်တေ ။ ယင်းခါက တန်းတူရီးနင့် ခွဲထွက်ရီးဆိုစော် ဥပဒေပြဋ္ဌန်းချက်ကို ထည့်သွင်းခရေ ။
အခုက ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်းရေအခါ လိုအပ်တေအတွက် ရခိုင်နိုင်ငံရီးသမားတိ-မျိုးဆက်သစ်နိုင်ငံရီးသမားတိ-ရခိုင်ကျောင်းသားသမ္မဂတိ- လူမှုကွန်ယက်တိကို လိလာနိုင်စီဖို့ အတွက် တန်းတူရီးနင့် ခွဲထွက်ရီးဆိုစော် အပိုဒ်ကို ဖြုတ်ပနာ ထုတ်ဝီဖို့  လုပ်လိုက်ရစော်ဖြစ်တေ ။ ယင်းအပိုဒ်ပါခကေလဲ ထုတ်ဝီဖို့ ရဖို့ ကားမထင်ပါဒေ ။
ဒေစာအုပ်ကို ဖေ့ချာကုန်ကျခံပနာ ပင်ပမ်းခံ ရွီးသားထုတ်ဝီလိုက်ရစော်မှာ ရည်ရွယ်ချက် တခုရာ ဟိပါရေ ။ ယင်းချင့်က ရခိုင်နိုင်ငံရီးသမားတိက နိုင်ငံရီးလုပ်ကေ နိုင်ငံရီးအာဏာ ရဖို့ လုပ်စော်မျိုးကို ဖြစ်ချင်လို့  ရွီးသားထုတ်ဝီရစော်ဖြစ်ပါရေ ။ ပြည်တွင်းမှာ ရွီးကောက်ပွဲ လုပ်ကေ နိုင်ဗျန်ဆိုစော်နင့် ကိုယ့်ရခိုင်ပြည်ကို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ အုပ်ချူ ပ်ရဖို့ ဆိုကေ ရခိုင်သားမှာ ရခိုင်ပြည်ဖွဲ့ စည်းအုပ်ချူ ပ်ပုံအခြီခံ ကျိန်းသီလိုပါရေ ။
ကိုယ့်မှာ ဥပဒေတခုလဲ မဟိဘဲ မြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချု ပ်ပုံအခြီခံဥပဒေမှာ မပါပါထော ဆိုပနာ ပြောနီဖို့ အချိန်လဲ မဖြစ်ရအောင်ပါ ။ ရခိုင်ပြည်ဖွဲ့ စည်းအုပ်ချူ ပ် အခြီခံ ဥပဒေမှာ ဒေပိုင် ဥပဒေပြဋ္ဌန်းထားရေအတွက် ဒေဥပဒေကို အကောင်အထည် ဖေါ်ရဖို့ လို့  ပြောရဲနိုင်ရပါဖို့  ။ ယင်းချင့်ကို နိုင်ငံရီးအာဏာလို့  ခေါ်စော်ဖြစ်ပါရေ ။
ဒေစာအုပ်က ရခိုင်နိုင်ငံရီးသမားတိ-မျိုးဆက်သစ်နိုင်ငံရီးသမားတိကို လိလာဖို့ လို့  ရွီးသားထုတ်ဝီလိုက်စော်ဖြစ်ပါရေ ။ ဒေစာအုပ်မှာ ဖေါ်ပြထားစော် ဥပဒေအချက်အလက်တိသည် ကျွန်တော်၏ ထင်မြင်ယူဆချက်တိနင့် သဘောတရားတိကို ပေါင်းစပ်ထားစော် ဖြစ်ပါရေ ။ အသုံးပြု ရဖို့ လို့  တခုချေလဲ တင်ပြစော်မဟုတ်ကြောင်းကို နားလည်ထားဖို့ လိုပါရေ ။ ဒေစာအုပ်ကို လိလာပနာ ရခိုင်ပြည်ဖွဲ့ စည်းအုပ်ချူ ပ်ပုံအခြီခံ ဥပဒေတခုကို အကောင်းဆုံးရွီးဆွဲကတ်နိုင်အောင် လမ်းပြမြီပုံတခု ချပြပီးလိုက်စော်ရာဖြစ်ပါရေလို့  တင်ပြလိုက်ရပါရေ ။
ခိုင်အောင်ကျော် ( နယူးယောက် )
Labels:
ရခိုင်နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment