ရခိုင်ဆိုသည်မှာ... အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အန္တတ္တသညားခေါ်အပ်ရာတည်း။ ။ (သျှင်နာဂိန္ဒမော်ကွန်း) ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနန့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။ (ဗုဒ္ဓဝင်အလင်္ကာ)

Monday, May 18, 2015

မျိုးဆက်သစ်၇ို့ လိလာသင့်ရေ ရခိုင်ထီးနန်း ပျောက်ဆုံးခရေအချိန်

နိဒါန်း
-
ရခိုင်လူမျိုး သမိုင်း အကျဉ်း
-
ရခိုင်လူမျိုးတို့သည် ခရစ်မပေါ်မှီ ဘီစီ ၃၀၀၀ လောက်ကပင်
ရခိုင်ပြည်ကြီးကိုတည်ထောင်လာရေ လူမျိုးဖြစ်ပြီး ဘီစီ ၅၇၀ ကပင်စလို့ 
ထေရဝါဒ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည် ကိုးကွယ်လာရေ လူမျိုးလေးဖြစ်ပါရေ။
-
ဓညဝတီ
ဝေသာလီ
လေးမြို့
မြောက်ဦး ခောတ်ကြီး ၄ ခောတ်နှင့်အတူ ရခိုင်သမိုင်းကို ခိုင်ခိုင်မာမာ
တည်ဆောက်လာရေ ကြီးကျယ်မြင့်မြတ်တေ လူမျိုး တစ်မျိုး ဖြစ်ပါသည်။
======================================။
ယင်းလောက် ကြီးကျယ် မြင့်မြတ်ခရေ လူမျိုး အေဂနိအချိန်
ဇာကောင့် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲလားပြီး ကျွန်ဖြစ်နီရပါလေး?
-----------------------------------------------------------------------------------
ဆက်ဖတ်ရန်

သီတဂူဆရာတော်ဒေါက်တာ အရှင်ညာဏိသရနှင့် ရခိုင်ပဏ္ဍိတာ ဦးသာထွန်း ၊ မေး ဖြေပါ

ရခိုင်ပြည် သို့ ဗုဒ္ဓသာသနာ ရောက်ရှိလာရတဲ့အကြောင်းအရာများ
( အမေးအဖြေ ဖတ်ဖြစ်အောင်ဖတ်လိုက်ပ...ါ )
၁၉၈၄ ခုနှစ်ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဗမာပြည် သဲကုန်း သပိတ်အိုင် တောရဆရာတော် အရှင် အရှင်ညာဏိဿရ အမှူးပြုသော ဆရာတော်ကြီး (၄)ပါးသည် မြောက်ဦးသို့ ဘုရားဖူးရောက်ရှိကြပါသည်။ ထိုစဉ် ရခိုင်ပြည် သာသနာရေးကိစ္စနှင့် ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းအား မေးခွန်းကြီး (၆) ခွန်း မေးခဲ့ပါသည်။
ယင်းသို့ ဆရာတော် ဦးညာဏိဿရ( ယခုသာသနာ့ ဥသျှောင် ပီနန်ဆရာတော် (၀ါ) သီတဂူဆရာတော်ကြီး) အမေးနှင့် ဆရာကြီး၏ အပြည့်အစုံ ဖြေကြားချက်များကို ပြန်လည်၍ ဆရာကြီးက အသံသွင်းပေးခဲ့သည်။ ဆရာကြီးသည် ရခိုင်စကားဖြင့် အသံသွင်းခဲ့သည်ကို မြန်မာပြည်ရှိတိုင်းရင်းသားများအားလုံးဖတ်ရှုနိုင်ရန်အတွက် မြန်မာစကားပြေဖြင့် ပြန်လည်၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။
ဆက်ဖတ်ရန်

Tuesday, May 12, 2015

အမေရိကန်နိုင်ငံသားဖြေမယ့်သူတွေအတွက် မေးခွန်း ၁၀၀


➳ လိုအပ်နေသူများအတွက်ပါ
USCIS လို့ဆိုတဲ့ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုဋ္ဌာနရဲ့မေ...းခွန်းများကို.. အမေရိကန်ရောက်ပြီး နိုင်ငံသားဖြေဖို့ပြင်နေကြတဲ့ မြန်မာပြည်သားတွေအတွက် အကျိုးရှိမှာပါ.. ဘယ်သူမဆို အနော့်ဝက်ဘ်ဆိုက်မှာတက်ကြည့်ပြီး အခမဲ့ဒေါင်းလုဒ်လုပ်ပြီး ကျက်မှတ်လို့ ရတာ မှန်ပေမယ့် (အမေရိကန်မှာနေပြီး) အင်တာနက်လည်း မသုံး အင်္ဂလိပ်စကားလည်း မတတ်သေးသူတွေအတွက် အထောက်အကူဖြစ် မှာတော့သေချာတယ်လေ။ ဖြေတဲ့အခါ ဗမာလို ဖြေမရတာ မှန်ပေမယ့် ဗမာလိုနားလည်ပြီး အင်္ဂလိပ်လို ကြိုးစားကျက်ရင် ပိုလွယ်မယ်ထင်ပါတယ် မသိသေး သူတွေသိဖို့ဖြစ်ပြီး သိပြီးသူတွေက လိုမယ့်သူတွေကိုလက်ဆင့်ကမ်းပေးနိုင်ရင် အတော်ကောင်းမယ် ထင်ပါတယ်။
နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာ
မေးခွန်းများ။
နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက် ဆိုင်ရာ
မေးခွန်း(၁ဝဝ)နှင့်အဖြေများအား အောက်တွင် စာရင်းသွင်းဖော်ပြထားပါသည်။ နှုတ်ဖြေမေးခွန်းများဖြစ်ပြီး သက်ဆိုင်ရာအရာရှိက နိုင်ငံသားလျှောက်ထားသူအား မေးခွန်း(၁ဝဝ)အနက်မှ (၁ဝ)ခု အထက် မေးပါ လိမ့်မည်။ အဖြေ (၁ဝ)ခုအနက် (၆)ခု မှန်အောင်ဖြေဆိုနိုင်မှ နိုင်ငံသားစာမေးပွဲအောင်မြင်မည်ဖြစ်သည်။
ရွေးကောက်ပွဲနှင့်ရာထူးခန့်အပ်မှုအပြောင်းအလဲများကြောင့် သင် စာမေးပွဲလာဖြေချိန်၌ တချို့အဖြေများ အပြောင်းအလဲ ရှိကောင်းရှိနိုင်ပါမည်။ အဖြေမှန် ပေးနိုင်ရေးအတွက် လေ့လာကျက်မှတ်ရာတွင် နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုများကို
သေချာ မှတ်သား ထားပါ။ မျက်ချေမပြတ်ပါစေနှင့်။ သင့်အား အင်တာဗျူးလုပ်သူက လက်ရှိရာထူးတာဝန်ရှိသူ တဦးဦး၏အမည်ကိုမေးသည့်အခါ မိမိအင်တာဗျူးလုပ်နေချိန်တွင် ရာထူးနှင့်တာဝန်တရားဝင်ရှိနေသူ၏ အမည်ကိုသာဖြေရပါမည်။ မှားဖြေမိလျှင် လက်သင့်ခံလိမ့်မည်မဟုတ်ပါ။
ဤမေးခွန်း(၁ဝဝ)အား ဖြေရာတွင် အပိုဆောင်းအဖြေမှန်များ ရှိကောင်းရှိနိုင်ကြောင်းကို ဤ ဋ္ဌာနမှ သိထားပြီးဖြစ်သော်လည်း အောက်တွင်ပေးထားသည့် အဖြေများကိုသုံး၍ပြန်ဖြေရန် တိုက်တွန်း အပ်ပါသည်။
ဆက်ဖတ်ရန်

Wednesday, November 26, 2014

တိုင်းရင်းသား(၁၃၅)မျိုး


၁။ ဗမာ - ၉မျိုး
၂။ ကချင် - ၁၂မျိုး
၃။ ကယား - ၉မျိုး
၎။ ကရင် - ၁၁မျိုး
၅၊ ချင်း - ၅၃မျိုး
၆။ မွန် - ၁မျိုး
၇။ ရခိုင် - ၇မျိုး
၈။ ရှမ်း - ၃၃မျိုး

စုစုပေါင်း - ၁၃၅မျိုး
ဗမာ - ၉မျိုး
၁။ ဗမာစု - ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်း၊ ကဒူး (ခုံးကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)။

ဆက်ဖတ်ရန်

Saturday, November 1, 2014

ရခိုင်ပြည်နယ်တံဆိပ်

ရခိုင်လူမျိုးများ သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်းဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေး၊ အနုပညာဓနဥစ္စာကြွယ်ဝခြင်း နှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ထိုဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွေ နှစ်ခက်ဖြင့် ခြံရံထားပါသည်။

ဆက်ဖတ်ရန်

Friday, October 17, 2014

ရခိုင်လူမျိုးများသည် ဘီစီ (၆၀၀၀)

ရခိုင်လူမျိုးများသည် ဘီစီ (၆၀၀၀) မတိုင်မီက စ၍ ရခိုင်ပြည်တွင် အခြေချ နေထိုင်လာကြသည်။ ဘီစီ(၃၀၀၀) ကျော်တွင် “မြို့ ပြနိုင်ငံ” ထူထောင်ပြီး ပဒေသရာဇ် စနစ် တိုးတက်ထွန်းကား လာခဲ့သည်။ ရခိုင်နိုင်ငံတော်တွင် ရခိုင် လူမျိုးတို့သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ၊မြောက်ဥ စသောခေတ် လေးပိုင်းခြားကာ နေထိုင်လာ ခဲ့ကြသည်။ မြောက်ဥခေတ် တွင် တိုးတက်မှု အထဋ်အထိပ်သို့ ရောက်ခဲ့သည်။ ရခိုင့်နိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် သီးခြားလွတ်လပ်စွာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးသော၊ အမှီ အခို ကင်းသော အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ဆက်ဖတ်ရန်

ခံ ယူ ချက် နန့်  ကြိုး စား ပါ အ မျိုး ရို့ 



နှလုံးသားရီးကို ဦးစားမပီးကေ့လို့ မဆိုလိုပါ ယေလေ့
နှလုံးသားရီး နောက်မာ အမျိုးအတွက် ခံယူချက် ထားဖို့လိုရေ။

စီပွားရီးကို ဦးစားမပီးကေ့လို့ မဆိုလိုပါ ယေလေ့
စီးပွားရီး နောက်မာ အမျိုးအတွက် ခံယူချက် ထားဖိုလိုရေ။

လူမူးရီးကို ဦးစားမပီးကေ့လို့ မဆိုလိုပါ ယေလေ့
လူမူးရီး နောက်မာ အမျိုးအတွက် ခံယူချက် ထားဖို့လိုရေ။

နိုင်ငံရီးကို ဦးစားမပီးကေ့လို့ မဆိုလိုပါ ယေလေ့
နိုင်ငံရီး နောက်မာ အမျိုးအတွက် ခံယူချက် ထားဖို့လိုရေ။

ပညာရီးကို ဦးစားမပီးကေ့လို့ မဆိုလိုပါ ယေလေ့
ပညာရီး နောက်မာ အမျိုးအတွက် ခံယူချက် ထားဖို့လိုရေ။

နောက်ဆုံး တိုင်ရင်းသားလူမျိုးများနှာင့် လုံးဝ အိမ်ထောင်မဲပြု ရလို့ မဆိုလိုပါ
ယေလေ့ အမျိုးအတွက် ခံယူချက် ပျောက်မလားဖို့ လိုရေလို့ ပြောချင်ပါရေ အမျိုးရို့။

ဆက်ဖတ်ရန်
အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ်