ရခိုင်ဆိုသည်မှာ... အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အန္တတ္တသညားခေါ်အပ်ရာတည်း။ ။ (သျှင်နာဂိန္ဒမော်ကွန်း) ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနန့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။ (ဗုဒ္ဓဝင်အလင်္ကာ)

Monday, May 18, 2015

မျိုးဆက်သစ်၇ို့ လိလာသင့်ရေ ရခိုင်ထီးနန်း ပျောက်ဆုံးခရေအချိန်

နိဒါန်း
-
ရခိုင်လူမျိုး သမိုင်း အကျဉ်း
-
ရခိုင်လူမျိုးတို့သည် ခရစ်မပေါ်မှီ ဘီစီ ၃၀၀၀ လောက်ကပင်
ရခိုင်ပြည်ကြီးကိုတည်ထောင်လာရေ လူမျိုးဖြစ်ပြီး ဘီစီ ၅၇၀ ကပင်စလို့ 
ထေရဝါဒ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည် ကိုးကွယ်လာရေ လူမျိုးလေးဖြစ်ပါရေ။
-
ဓညဝတီ
ဝေသာလီ
လေးမြို့
မြောက်ဦး ခောတ်ကြီး ၄ ခောတ်နှင့်အတူ ရခိုင်သမိုင်းကို ခိုင်ခိုင်မာမာ
တည်ဆောက်လာရေ ကြီးကျယ်မြင့်မြတ်တေ လူမျိုး တစ်မျိုး ဖြစ်ပါသည်။
======================================။
ယင်းလောက် ကြီးကျယ် မြင့်မြတ်ခရေ လူမျိုး အေဂနိအချိန်
ဇာကောင့် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲလားပြီး ကျွန်ဖြစ်နီရပါလေး?
-----------------------------------------------------------------------------------

  -
ဓညဝတီ နောက်ဆုံး
---------------------
မောက်ဦးခောတ် စန္ဒအတိဿရာဇာမင်းနှင့် မဟာသမ္မတရာဇာမင်းတို့ လက်ထက်
မင်းမျိုးမင်းနွယ်က ဆင်းသက်လာစွာလေး မဟုတ် တောင်းပိုင်းကဖြစ်လို့ မြောက်ပိုင်းကို မကျီ မြေက်ပိုင်းက ဖြစ်လို့ တောင်ပိုင်းက မကျီ တောင်ပိုင်းမှာလေး မင်း မြောက်ပိုင်းမှာလေး မင် ယင်းပိုင် မင်းပြိုင်တိ အများကြီး ထွက်ပေါ်ပါလတ်ကတ်ပါရေ။
-
ယင်းအချိန် စင်ပြိုင်ပေါ်လာရေ မင်းတိကား
---------------------------------------------
၁။ ငကျီးတောင်မှာ ဓါးမနိုင် ၁မင်း
၂။ ရိုးကျွန်းတောင်မှာ ကလားရွှီစာ ၁မင်း
၃။ ပိနှဲချောင်းမှာ ကောက်ညွန့်ရန်တိုင် ၁မင်း
၎။ တန်းလွှဲမှာ ကျော်ဌေး ၁မင်း
၅။ ကြက်ဆင်ကျွန်းမှာ ငသံဒွေ ၁မင်း
၆။ မာန်အောင်ကျွန်းမှာ သဒိုးဖြူ ၁မင်း
-
ရခိုင်ထီးနန်း လွင့်စိုင်ဖို့အတွက် စင်းပြိုင်ပေါ်လာရေ မင်းတိဖြစ်ပါရေ။
ယင်းအချိန် မဟာသမ္မတရာဇာမင်းက ယင်းထွက်ပေါ်လာရေ မင်းပြိုင်တိကို
(သဘုံ မင်းပြိုင်တိကို ) တိုက်ခိုက်နှိမ်နှင်းနီရရေအတွက်ကြောင့်
-
မဟာသမ္မတရာဇာမင်း၏ စစ်သည်တော်များ အင်အားဆုပ်ယုတ်လျက်ဟိနီပါရေ။
ယင်းအချိန်မှာ
-
နန်းကျဘုရင်-ဟာရီ
ဖောင်သာရွှီ
ထွန်းဇံဝေ-၇ို့သည်-မြန်မာဘုရင် ဘိုးတော်မောင်ဝိုင်းဘားသို့ လားပြီး
-
ရခိုင်နန်းတော်နှင့်အတူ မြောက်ဦးမြို့တော်ကို လာရောက်သိမ်းယူပါ-
ကျတော်တို့ အစစအရာရာ ပံ့ပိုးကူညီပီးပါမည်ဟု ကိုယ့်အမျိုးကိုယ့်နိုင်ငံကို
သစ္စာဖေါက်ပနာ ဘိုးတော်မောင်းဝိုင်တပ်ကို လားပြီးအကူအညီ တောင်ခီကတ်လို့ 
မြန်မာတပ်များသည် ရခိုင်ပြည်ကိုသိမ်းပိုက်ဖို့ စစ်အင်အား အလုံးအရင်းနန့် 
ချီတတ်လာကတ်ပါရေ ။
-
ယင်းစစ်အင်အား အလုံးအရင်းနှင့် ချီတက်လာရေ မြန်မာတပ်များကို
တန်းလွှဲမင်း ကျော်ဌေးက တောင်ကုတ်ကနီပြီးကေ စလို့ ခုခံတိုက်ခိုက်ခပါရေ။
မဟာသမ္မတရာဇာမင်းထံသို့လေး တန်းလွှဲမင်း ကျော်ဌေးက စစ်ကူတောင်းခပါရေ။
မဟာသမ္မတရာဇာမင်းက စစ်ကူမပီးခပါ -စစ်ပန်းလာရေ တန်းလွှဲမင်း ကျော်ဌေးက
ဇာပိုင် စဉ်းစားရေလေးဆိုကေ
-
ရခိုင်ပြည်မှာ ငါတယောက်တည်း မင်းပြု မင်းလုပ်နီစွာမဟုတ် စစ်ကူမရရေ မင်းဆိုး
မင်းယုတ်တိနှင့် အတူပေါင်းသင်းနီထိုင်ခြင်းသည် ငါ့အတွက် အဖြစ် ဖြစ်ချေ၏ ဆိုကာ
ဟိကမျှ စည်းစိမ် ဥစ္စာတိကိုယူ သားမယား အခြွေအရံတိကို ခေါ်ပြီး မြန်မာတပ်ကို
ခုခံ မတိုက်ခိုက်ဘဲ ထွက်ပြီး တိမ်းရှောင် လားခကတ်ပါရေ။
-
ယင်းပိုင် တန်းလွှဲမင်း ကျော်ဌေး ထွက်ပြီးလားရေ အတွက်နှင့် မြန်မာတပ်များသည်
တောင်ကုတ်-သံတွဲ-မာန်အောင်=တောင်စဉ် ၇ ခ၇ိုင်ကို အလွယ်တကူနန့် သိမ်းနိုင်ခပါရေ။ ယင်းမြန်မာတပ်များကို ရခိုင်သားတိက ဝမ်းပန်းတသာနန့်ပင် ကြိုဆိုခကတ်ပါရေ။
-
ဇာပိုင် ဝမ်းပန်းတသာ ကြိုဆိုခကတ်လေ ဆိုကေ သမိုင်းမှတ်တမ်းမှာ
------------------------------------------------------------------------
ရခိုင်ပြည်သူ အပေါင်းရို့သည်
တိုင်းနှင့်ပြည်ရွာ သာယာအောင် ပြုလုပ်တတ်သော
မင်းကောင်း မင်းမွန် ရောက်လာပါပြီ
အလွန်ဝမ်းမြောက် ရွှင်လန်းစွာဖြင့်
ကခုန် ပျော်ပါး လက်ပန်းပေါင်း ခတ်လျက်
အောင်သွယ် အောင်သား စားသောက်ကလေ၏။
-
မဟာသမ္မတရာဇာမင်း အားအကိုးရဆုံး စစ်ရီးဗိုလ် ဓါးပိုင်ကြီး ကျော်ဘုံလေး
"တပြည်စစ်ကို တိုက်၍နိုင်ရာ၏လော " ဆိုကာ ဟိကမျှ စည်းစိမ် ဥစ္စာတိကိုယူ
သားမယား အခြွေအရံတိကို ခေါ်ပြီး လှေ ၅ စီဖြင့် ထွက်ပြီးလားခကတ်ပါရေ။။
-
ထိုအချိန် မြောက်ဦးမြို့တော်ကြီးသည် ရန်သူတိ ဝင်ရောက်ဖို့ အလွန်တရာမှ
ခက်ခဲလှရေ ကျုံး-မြောင်း-တံထား-သားရေခေါ် သားရေနား-လက်နက်တပ်ပေါင်း မြောက်များစွာဖြင့် ခိုင်ခိုင်ခံ့ခံ့တည်ဆောင်ထားခြင်းဖြသ်ပါသည်။ ယင်းလောက်အလွန်တရာမှ ရန်သူတိဝင်ရောက်ဖို့ခဲယမ်းရေ မြောက်ဦးမြို့တော်ကြီးကို ရခိုင်သစ္စာဖေါက်တို့၏ အကူအညီဖြင့် မြန်မာတပ်တို့ စစ်အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်လာရေအတွက် မဟာသမ္မတရာဇာမင်လေး မိသားစုများနှင့် အခြွေအရံ စစ်သည်တော်များကိုခေါ်ကာ မြောက်ဦးရွှီနန်းတော်ကို စွန်းခွာပြီး လှေကြီး ၃၀ဖြင့် ထွက်ပြီးတိမ်းရှောင်လိုက်ရ၏။
-
နိဂုံး
----
ယင်းနိကား-ရခိုင်သက္ကရာဇ်-၁၁၄၆ အေဒီ ၁၇၄၈ ခု
--------------------------------------------
ရခိုင်ထီးနန်းသည် ဘိုးတော်မောင်ဝိုင်းဦးဆောင်သော မြတ်မာတပ်လက်ထဲသို့ 
ကျရောက်ခရပါသည်-ထွက်ပြီးတိမ်းရှောင်နီသော မဟာသမ္မတရာဇာမင်းကိုလေး
ရခိုင်သစ္စာဖေါက်များ၏ အကူအညီဖြင့် မြန်မာဘုရင်က ဖမ်းဆီးသုတ်သင်လိုက်တေ
အတွက်ကြောင့်နှင့် ရခိုင်လူမျိုးတို့မှာ ထီးနန်းလေး ဆုံး မင်းလေး ပြုန်းကာ
မြန်မာလက်အောက် ကျွန်ဘဝသို့ ရောက်ဟိလာခစွာရေ အေဂနိ အချိန်ထိပင်ဖြစ်ပါ၏။
-
-
ပြီးပါဗျာ-အသိတရား တခုခုကို ပိုင်ဆိုင်နိုင်ပါစီလို့ ဆုတောင်းလိုက်ပါသည်။-
‪#‎ဦးခိုင်‬
-
ဝန်ခံချက်
----------
ဆရာမ ဒေါ်စောခင်တင့်၏ ဗီဒီယို ဖိုင်ကို မျိုးဆက်သစ်-လူငယ်များ
လိလာနိုင်စီရန် သင့်တင့်ရေပိုင် ကြိုးစားပြီး ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

No comments:

အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ်