ရခိုင်ဆိုသည်မှာ... အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အန္တတ္တသညားခေါ်အပ်ရာတည်း။ ။ (သျှင်နာဂိန္ဒမော်ကွန်း) ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနန့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။ (ဗုဒ္ဓဝင်အလင်္ကာ)

Saturday, July 19, 2014

ရခိုင့်အာဇာနီမြန်မာ့လွတ်လွပ်ရေး မီးရှူးတန်ဆောင် အာရှနီဝန်း ဆရာတော်အသျှင်ဥတ္တမ ထေရုပ္ပတ္တိအကျဉ်း ==================================


ရဟန်းဘွဲ့ အသျှင်ဥတ္တမ
အငယ်ခါ မောင်ပေါ်ထွန်းအောင်
မွီးသက္ကရာဇ် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈ )ရက်။ တနင်္ဂနွေနိန့် 
ခမည်းတော်/ မယ်တော် ဦးစံမြ ၊ ဒေါ်အောင်ကြွဖြူ
မွေးရာဇာတိ = ရူပမြောက်ရပ်ကွက်၊ချောင်းနားလမ်းနတ်စင်ရှိ စစ်တွေမြို့။ ရခိုင်ပြည်
ပညာအရည်အချင်း = အင်္ဂလိပ်( ၁၀)တန်း အလွတ်ဖြေအောင်မြင် (၁၈၉၈)
ပညာဆည်းပူးခဲ့သောနေရာများ = ရွှေစေတီကျောင်းတိုက်၊ စစ်တွေမြို့။
ရေစကြိုကျောင်းတိုက်၊ ပခုက္ကူမြို့၊ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ၊ မန္တလေးမြို့တွင် ဗုဒ္ဓစာပေကျမ်းဂန်များကို ဆည်းပူးလေ့လာခဲ့သည်။


တာဝန်ထမ်းဆောင်ခဲ့သော တက္ကသိုလ်များ - ပါမောက္ခ ကာလကတ္တား၊ အမျိုးသားတက္ကသိုလ်။
ဥက္ကဋ္ဌ ၊ ဟိန္ဒူဘာသာရေးအသင်းကြီး၊ အိန္ဒိယနိုင်ငံ ။
ပါမောက္ခ၊ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော်ကြီးတိုကျို-ဂျပန်။
ရောက်ရှိခဲ့သောနိုက်ငံခြား တိုင်းပြည်များ---အိန္ဒိယ၊ တိဘက်၊ အီဂျစ်၊ ပြင်သစ်၊ ကိုရီးယား၊တရုတ်၊ မန်ချူးရီးယား။ကမ္ဘောဒီးယား၊ ယိုးဒယား၊သီဟိုကျွန်း၊ အင်ဒိုချိုင်းနား (ဆေးဂုံ)။ အမေရိက၊ သြစတြေးလျ၊ ဂျာဗားကျွန်း(အင်ဒိုနီးရှား) ၊ အင်္ဂလန်၊ ဂျာမဏီ၊ နယ်သာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ။
တတ်ကျွမ်းရေ ဘာသာစကားများ -- အင်္ဂလိပ်၊ ဂျပန်၊ ပါဠိ- သက္ကဋ၊ ဘင်္ဂလီ ၊ နာဂရီ၊ ဟိန္ဒူ၊ ပြင်သစ်။ အီတလီ၊ တိဘက်။
ဆရာတော်ရီးခရေ စာအုပ်၊စာပိများ
၁။ ဥရောပခရီးစဉ် အခန်းဆက်ဆောင်းပါး။ (၁၉၂၅)။
၂။ တရုတ်ပြည်ခရီးစဉ်ဆောင်းပါး။ (၁၉၂၇၊ ၁၉၂၈)
၃။ ဒိန်းတလိန်းနတ် ကိုယ်တွေ့ဝတ္ထု ၊ (၁၉၂၇၊ ၁၉၂၈)။
၎။ ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့။ (၁၉၃၇)။
၅။ ဟုမ်းရူးမဂ္ဂဒီပနီ၊ ပထမတွဲ (၁၉၂၄)။ ဒုတိယတွဲ( ၁၉၂၅)။
၆။ ဂျပန်ပြည်အတ္ထုပ္ပတ္တိ ( ၁၉၁၄)။
၇။ ဂျပန်ပြည်ယောက်ျားများ မိန်းမများအကြောင်း( ၁၉၂၁)
၈။ တရုတ်နှင့်ဂျပန် (စတုတ္ထပုံနှိပ်)( ၁၉၃၈) ။
၉။ အာရောဂျနယ ဒီပနီ (၁၉၂၁)
၁၀။ အရှင်ဦးဥတ္တမနှင့် နိုင်ငံခြားစာများ( စီပီပုံနှိပ်တိုက်)
ပြစ်ဒါဏ်ကျခရေခုနှစ်များ ၁၉၂၂- ခုနှစ်တွင်ပုဒ်မ ၁၂၄ ဖြင့်ထောင်ဒါဏ် ( ၄ ) နှစ်။
၁၉၂၄ ခုနှစ်တွင် ပုဒ်မ ၁၄၄ ဖြင့် ဒုတိယအကြိမ် ထောင်ဒါဏ် ( ၅ ) နှစ်။
၁၉၂၇ - ခုနှစ်တွင် ပုဒ်မ ၁၄၄ ဖြင့် တတိယအကြိမ် ထောင်ဒါဏ် ( ၃) နှစ်။
ပျံလွန်တော်မူသောနိန့်  ၁၉၃၉ - ခုနှစ် စက်တင်ဘာလ( ၉ ) ရက်။ စနီ နိန့်တွင် ရန်ကုန်မြို့၌ ပျံလွန်တော်မူသည်။ ။
ဆရာတော်အားရိုသေမြတ်နိုးလက်ဆုံမိုးရှိခိုးပါယင့်
ရခိုင့်အမျိုးသားရေး နိုင်နိုင်

No comments:

အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ်