ရခိုင်ဆိုသည်မှာ... အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အန္တတ္တသညားခေါ်အပ်ရာတည်း။ ။ (သျှင်နာဂိန္ဒမော်ကွန်း) ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနန့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။ (ဗုဒ္ဓဝင်အလင်္ကာ)

Monday, July 14, 2014

ရခိုင်လူမျိုး သမိုင်း အကျဉ်းချုပ်

ရခိုင်                        

ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ရက္ခိုင်ဆိုသော နာမ ၀ိသေသအတိုင်း “အမျိုးသီလ၊
နှစ်ဌါနကို၊ပြည့်ဝမဏ္ဏိုင်၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ.့မည်လှဖြင့် အနန္တာသညှာခေါ်အပ်ရာတည်း”လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားရှိကြောင်းကို တွေ.ရှိနိုင်သည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။

ဘာသာရေး

ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရခိုင်ပြည် မြောက်ဦးမြို့ ဝေသာလီ ရွှေတောင်ကြီးတွင် စတုတ္တသင်္ဂါယနာကို ဝေသာလီဘုရင်
သိရိစန္ဒြား(သိရိစမ္မ၀ိဇယမင်း)လက်ထက် သီဟိုနိုင်ငံမှ သံဃာတော်တစ်ထောင်ကို ပင့်ဆောင်ပြီး ရခိုင်ပြည်မှ သံဃာတော် တစ်ထောင်ပေါင်းနှစ်ထောင်ဖြင့် စတုတ္တသင်္ဂါယနာကို တင်ခဲ့ပါသည်။၎င်းသင်္ဂါယနာ တင်ခဲ့ပုံကို
”မဟာမဟိန္ဒ၊ ထေရဘုန်းစည်၊
တည်နေဖြန့်စင်၊သီဟိုဠ်ခွင့်၌၊
နောင်တွင်ဆောင်ရွက်၊ လွန်ခဲခက်၍၊
မေထက် အက္ခရာ၊ သင်္ဂါယနာ၊
စတုတ္ထမြောက်၊ တင်ပြီးနောက်မှ၊
တမ်းမှောက်ညစ်ကျူး၊ ဝါဒထူးဖြင့်၊
ကူးလူးမယှဉ်၊ အစိုင်တည်တံ့၊
အရှည်ခံဟု၊ ကူပံ့ဖြန့်ဖြူး၊
မြတ်ကျေးဇူးဟိ၊ ရဘိရည်ညွတ်၊
လွတ်လပ်ပြုထ၊ သီဟဠနန့်၊
ဝါဒတူညီ၊ တို့သိင်္ဂီကား၊ ပဉ္စမီထပ်၊
ကြီးနီချပ်လျှင်၊ ရွှီကွပ်တင့်သား၊
ငါးထောင်အားဖြင့်၊ ရွှီးသားသီချာ၊
သုံးနှစ်ကြာလျှင်၊ ကောင်းစွာသီးသီး၊
အောင်မြင်ပြီး၍.......” ဟု
(မေဓပညာမော်ကွန်း) တွင် ဖော်ပြထားပါသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ဝတ်စားဆင်ယင်မှု

ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။
အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။

စာပေ သမိုင်းကြောင်း

ရခိုင် စာပေသည် ဓည၀တီခေတ် (ဘီစီ ၃၀၀) စုခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဝေသာလီခေတ် နှောင်းပိုင်းမှ စလို့ ရက္ခ၀ဏ္ဏအက္ခရာဖြင့်ရေးသားပြီး ကြိုးတန်းပိဋကတ်ကိုစံထားလို့ လေ့လာခဲ့ကြပုံများကိုလည်း ရခိုင်သမိုင်းတွေမှာ တွေ.ရှိရသည်။ထိုခေတ်ကဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
“အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား”
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။

ရခိုင်ခေတ်များ
* ၀ါသုဒေ၀ညီနောင်တကျိပ်တို့တည်ထောင်သော ဒွါရာဝတီခေတ်
* ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊
* ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊
* ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊
* တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊
* ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊
* လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊
* မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊ ဖြစ်သည်။

ရခိုင်ဘုရင့်နိုင်ငံကို အုပ်ချုပ်ခဲ့သော ဘုရင်များ

ဒွါရာဝတီ[သံတွဲ]ခေတ်မင်းဆက်များ(သမိုင်းမတင်မီကာလ)
ဦးရေ။မင်းအမည်။နန်းတက်နှစ်။နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)၀ါသုဒေ၀မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁)ဗြဟ္မကာရာဇာမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ) -ဘီစီ(၃၃၂၅)မတိုင်မီ။
(၅)ဗြဟ္မသုန္တရမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁၅)ဗြဟ္မသိန္ဒိမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁။)ဿရဘန်မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။

ဓည၀တီ[ပဋ္ဌမ]ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မာရယုမင်း(၃၃၂၅-၃၂၆၃)ထိ(၆၂)နှစ်-ဘီစီ(ခရစ်တော်မပေါ်မီကာလ)
(၂)မာရဇေတုမင်း(၃၂၆၃-၃၂၃၁)ထိ(၃၂)နှစ်(၁)၏သား
(၃)မာရအုံမင်း(၃၂၃၁-၃၁၇၈)ထိ(၅၃)နှစ်(၂)၏သား
(၄)မာရရွယ်မင်း(၃၁၇၈-၃၁၃၀)ထိ(၄၈)နှစ်(၃)၏သား
(၅)မာရတင်မင်း(၃၁၃၀-၃၀၇၅)ထိ(၅၅)နှစ်(၄)၏်သား
(၆)မာရဇိန်မင်း(၃၀ရ၅-၃၀၄၂)ထိ(၃၃)နှစ်(၅)၏သား
(ရ)မာရတင်မင်း(၃၀၄၂-၃၀၂၀)ထိ(၂၂)နှစ်(၆)၏သား
(၁)ငဆက်အို(မျိုးခြား)(၃၀၂၀-၂၉၉၉)ထိ(၂၁)နှစ်(မျိုးခြားမင်း)
(၈)ဒေါလစန္ဒရားမင်း(၂၉၉၉-၂၉၅၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သောလစန္ဒရား(၂၉၅၉-၂၉၂၆)ထိ(၃၃)နှစ်(၈)၏သား
(၁၀)သူရိယစန္ဒရား(၂၉၂၆-၂၈၈၉)ထိ(၃ရ)နှစ်(၉)၏သား
(၁၁)ကာလစန္ဒရား(၂၈၈၉-၂၈၄၉)ထိ(၄၀)နှစ်(၁၀)၏သား
(၁၂)ကဉ္စန္ဒရား(၂၈၄၉-၂၈၁၈)ထိ(၃၁)နှစ်(၁၁)၏သား
(၁၃)မဓုစန္ဒရား(၂၈၁၈-၂၇၉၇)ထိ(၂၁)နှစ်(၁၂)၏သား
(၁၄)ဇေယျစန္ဒရား(၂၇၉၇-၂၇၅၇)ထိ(၄၀)နှစ်(၁၃)၏သား
(၁၅)မောက္ခစန္ဒရား(၂၇၅ရ-၂၇၃၁)ထိ(၂၆)နှစ်(၁၄)၏သား
(၁၆)ဂုနစန္ဒရား(၂၇၃၁-၂၇၁၉)ထိ(၁၂)နှစ်(၁၅)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၂၇၁၉-၂၇၁၈)ထိတစ်လသာစံရသည်။
(၁ရ)ကံရာဇာကြီး(၂၇၁၈-၂၆၇၇)ထိ(၄၁)နှစ်(၁၆)၏သား
(၁၈)ကံရာဇာငယ်(၂၆၇၇-၂၆၄၁)ထိ(၃၆)နှစ်(၁၇)၏သား
(၁၉)အိန္ဒသူရိယ(၂၆၄၁-၂၆၀၆)ထိ(၃၅)နှစ်(၁၈)၏သား
(၂၀)အသူရိန္ဒသူရိယ(၂၆၀၆-၂၅၇၆)ထိ(၃၀)နှစ်(၁၉)၏သား
(၂၁)သာရမိတ္တ(၂၅၇၆-၂၅၄၈)ထိ(၂၈)နှစ်(၂၀)၏သား
(၂၂)သူရိယမင်း(၂၅၄၈-၂၅၁၅)ထိ(၃၁)နှစ်(၂၁)၏သား
(၂၃)မင်းထီး(၂၅၁ရ-၂၄၉၅)ထိ(၂၂)နှစ်(၂၂)၏သား
(၂၄)မင်းပါ(၂၄၉၅-၂၄၇၃)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)စည်ပေါင်သူ(၂၄ရ၃-၂၄၄၅)ထိ(၂၈)နှစ်(၂၄)၏သား
(၂၆)တံတိုင်းသင်(၂၄၄၅-၂၄၁၄)ထိ(၃၁)နှစ်(၂၅)၏ညီ
(၂ရ)ကျော်ခေါင်စည်(၂၄၁၄-၂၃၆၁)ထိ(၅၃)နှစ်(၂၆)၏သား
(၂၈)သူရိယစန္ဒမိတ္တ္ဋ(၂၃၆၁-၂၃၄၀)ထိ(၂၁)နှစ်(၂၇)၏သား
(၂၉)အနန္ဒဘယ(၂၃၄၀-၂၃၁၀)ထိ(၃၀)နှစ်(၂၈)၏သား
(၃၀)လင်္ကျာစည်သူ(၂၃၀-၂၂၈၀)ထိ(၃၀)နှစ်(၂၉)၏သား
(၃၁)သီဟကုစ္ဆိ(၂၂၈၀-၂၂၃၇)ထိ(၄၃)နှစ်(၃၀)၏သား
(၃၂)မင်းဘုန်းသန်(၂၂၃၇-၂၂၀၆)ထိ(၃၁)နှစ်(၃၁)၏သား
(၃၃)သက္ကမွေး(၂၂၀၆-၂၁၅၇)ထိ(၄၉)နှစ်(၃၂)၏သား
(၃၄)ဇေယျနန္ဒသူ(၂၁၅၇-၂၁၀၅)ထိ(၅၂)နှစ်(၃၃)၏သား
(၃၅)တက္ကသူ(၂၁၀၅-၂၀၅၉)ထိ(၄၆)နှစ်(၃၄)၏သား
(၃၆)လက္ခဏ(၂၀၅၉-၂၀၂၂)ထိ(၃ရ)နှစ်(၃၅)၏သား
(၃ရ)ဂုဏရာဇ်(၂၀၂၂-၁၉၈၀)ထိ(၄၂)နှစ်(၃၆)၏သား
(၃၈)သီဝရာဇ်(၁၉၈၀-၁၉၃၉)ထိ(၄၁)နှစ်(၃၇)၏သား
(၃၉)မင်းလှမွှေး(၁၉၃၉-၁၉၁၈)ထိ(၂၁)နှစ်(၃၈)၏သား
(၄၀)ပူရိန္ဒ(၁၉၁၈-၁၈၅၈)ထိ(၆၀)နှစ်(၃၉)၏သား
(၄၁)မင်းသိဒ္ဒက်(၁၈၅၈-၁၈၃၆)ထိ(၂၂)နှစ်(၄၀)၏သား
(၄၂)မင်းလှကြီး(၁၈၃၆-၁၇၈၉)ထိ(၄၇)နှစ်(၄၁)၏သား
(၄၃)ထွေးလုပ်ကြီး(၁၇၈၉-၁၇၆၅)ထိ(၂၄)နှစ်(၄၂)၏သား
(၄၄)စေရာဇ်(၁၇၆၅-၁၇၂၇)ထိ(၃၈)နှစ်(၄၃)၏သား
(၄၅)ချက်နှာဝန်း(၁၇၂၇-၁၇၀၃)ထိ(၂၄)နှစ်(၄၄)၏သား
(၄၆)လက်ရုံးကြီး(၁ရ၀၃-၁၆၇၆)ထိ(၂၇)နှစ်(၄၅)၏သား
(၄ရ)သီရိကမ္မသုန္ဒုရ(၁၆၇၆-၁၆၄၆)ထိ(၃၀)နှစ်(၄၆)၏သား
(၄၈)နန္ဒကောဘယ(၁၆၄၆-၁၆၁၉)ထိ(၂၇)နှစ်(၄၇)၏သား
(၄၉)မင်းနံဖြူ(၁၆၁၉-၁၅၉၉)ထိ(၂၀)နှစ်(၄၈)၏သား
(၅၀)မင်းနံလှ(၁၅၉၉-၁၅၇၁)ထိ(၂၈)နှစ်(၄၉)၏သား
(၅၁)မင်းခေါင်ငယ်(၁၅၇၁-၁၅၅၁)ထိ(၂၀)နှစ်(၅၀)၏သား
(၅၂)လောက်ခေါင်ရာဇာ(၁၅၅၁-၁၅၃၆)ထိ(၁၅)နှစ်(၅၁)၏သား
(၅၃)မင်းသီဟ(၁၅၃၆-၁၅၁၅)ထိ(၂၁)နှစ်(၅၂)၏သား
(၅၄)မင်းငယ်ပျော်လှစည်သူ(၁၅၁၅-၁၅၀၈)ထိ(ရ)နှစ်(၅၃)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၁၅၀၈-၁၅၀၇)ထိ(၁)လတစ်ဦးစီလပိုင်းစံရသည်။

ဓည၀တီ[ဒုတိယ]ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)ကမ္မရာဇာ(ကံရာဇာကြီး)(၁၅၀ရ-၁၄၇၀)ထိ(၃ရ)နှစ်။အချို့ကကံရာဇာကြီးဟုခေါ်သည်။
(၂)သီလရာဇာ(၁၄၇၀-၁၄၂၉)ထိ(၄၁)နှစ်(၁)၏သား
(၃)၀ါသုရ(၁၄၂၉-၁၃၉၈)ထိ(၃၁)နှစ်(၂)၏သား
(၄)နန္ဒသူရိယ(၁၃၉၈-၁၃၅၈)ထိ(၄၀)နှစ်(၃)၏သား
(၅)သူရိယနန္ဒ(၁၃၅၈-၁၃၂၆)ထိ(၃၂)နှစ်(၄)၏သား
(၆)သူရနန္ဒ(၁၃၂၆-၁၃၁၃)ထိ(၂၃)နှစ်(၅)၏သား
(ရ)စန္ဒမာဂု(၁၃၁၃-၁၂၇၁)ထိ(၃၂)နှစ်(၆)၏သား
(၈)သီရိစန္ဒာ(၁၂၇၁-၁၂၃၁)ထိ(၄၀)နှစ်(ရ)၏သား
(၉)သီဟရာဇာ(၁၂၃၁-၁၁၈၅)ထိ(၄၆)နှစ်(၈)၏သား
(၁၀)သီဟယနု(၁၁၈၅-၁၁၆၅)ထိ(၂၀)နှစ်(၉)၏သား
(၁၁)ပယာက(၁၁၆၅-၁၁၃၄)ထိ(၃၁)နှစ်(၁၀)၏သား
(၁၂)နီလဂုဏ်(၁၁၃၄-၁၀၉၃)ထိ(၄၁)နှစ်(၁၁)၏သား
(၁၃)ရောဟဂုဏ်(၁၀၉၃-၁၀၆၃)ထိ(၃၀)နှစ်(၁၂)၏သား
(၁၄)သီရိဂုဏ်(၁၀၆၃-၁၀၉၃)ထိ(၂၄)နှစ်(၁၃)၏သား
(၁၅)သမံဇာ(၁၀၃၉-၁၀၀၄)ထိ(၃၅)နှစ်(၁၄)၏တူ
(၁၆)သုဝဏ္ဍကုမ္မာ(၁၀၀၄-၉၈၄)ထိ(၂၀)နှစ်(၁၅)၏သား
(၁ရ)သက်တင်ဖြူ(၉၈၄-၉၄၄)ထိ(၄၀)နှစ်(၁၆)၏သား
(၁၈)သက်တင်ဦး(၉၄၄-၉၀၂)ထိ(၄၂)နှစ်(၁၇)၏သား
(၁၉)ဇေတ၀န်(၉၀၂-၈၆၆)ထိ(၃၆)နှစ်(၁၈)၏သား
(၂၀)မုဉ္စိယ(၈၆၆-၈၃၉)ထိ(၂၇)နှစ်(၁၉)၏သား
(၂၁)ကုမ္မရာဝိသုက(၈၃၉-၇၆၂)ထိ(ရရ)နှစ်(၂၀)၏သား
(၂၂)၀ါသုမဏ္ဍလ(၇၆၂-၇၂၈)ထိ(၃၄)နှစ်(၂၁)၏သား
(၂၃)ပုရိန္ဒ(ရ၂၈-၆၉၇)ထိ(၃၁)နှစ်(၂၂)၏သား
(၂၄)ရာလာမာယု(၆၉၇-၆၇၅)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)နာလမာယု(၆ရ၅-၆၄၄)ထိ(၃၁)နှစ်(၂၄)၏သား
(၂၆)၀ရတကုနိ(၆၄၄-၆၂၂)ထိ(၂၂)နှစ်(၂၅)၏သား
(၂ရ)၀ိသုရာဇာ(၆၂၂-၆၁၀ထိ(၁၂)နှစ်(၂၆)၏သား
(၂၈)သီရိရာဇာ(၆၁၀-၅၈၀)ထိ(၃၀)နှစ်(၂ရ)၏သား

ဓည၀တီ[တတိယ]ခေတ်မင်းဆက်များ

(၁)စန္ဒသူရိယမင်း(၅၈၀-၅၂၇)ထိ(၅၃)နှစ်။သီရိရာဇာ၏သား
(၂)သူရိယာဓိပတိ(၅၂၇-၄၈၀)ထိ(၄၇)နှစ်(၁)၏သား
(၃)သူရိယာပတိပါတ်(၄၈၀-၄၂၄)ထိ(၅၆)နှစ်(၂)၏သား
(၄)သူရိယရုပ(၄၂၄-၃၇၉)ထိ(၄၅)နှစ်(၃)၏သား
(၅)သူရိယစန္ဒာလ(၃၇၉-၃၁၅)ထိ(၆၄)နှစ်(၄)၏သား
(၆)သူရိယစက္က(၃၁၅-၂၇၁)ထိ(၄၄)နှစ်(၅)၏သား
(ရ)သူရိယနထ(၂ရ၁-၂၉၉)ထိ(၄၂)နှစ်(၆)၏သား
(၈)သူရိယ၀ံသ(၂၉၉-၁၈၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သူရိယဗန္ဒ(၁၈၉-၁၆၃)ထိ(၂၆)နှစ်(၈)၏သား
(၁၀)သူရိယကလျာကာ(၁၆၃-၁၂၅)ထိ(၃၈)နှစ်(၉)၏သား
(၁၁)သူရိယမုခ(၁၂၆-၉၅)ထိ(၃၀)နှစ်(၁၀)၏သား
(၁၂)သူရိယတေဇ(၉၅-၄၅)ထိ(၅၀)နှစ်(၁၁)၏သား
(၁၃)သူရိယပုည(၄၅-၁၀)ထိ(၃၅)နှစ်(၁၂)၏သား
(၁၄)သူရိယကုလ(ဘီစီ၁၀မှအေဒီ၂၆)ထိ(၃၆)နှစ်(၁၃)၏သား(ခရစ်တော်ေ်ပေါ်ပြီးကာလ)
(၁၅)သူရိယပဘာ(၂၆-၈၀)ထိ(၅၄)နှစ်(၁၄)၏သား
(၁၆)သူရိယစိတ္တရ(၈၀-၁၁၆)ထိ(၃၆)နှစ်(၁၅)၏သား
(၁ရ)သူရိယဇေဌ(၁၁၆-၁၃၈)ထိ(၂၂)နှစ်(၁၆)၏သား
(၁၈)သူရိယ၀ိမလ(၁၃၈-၁၅၆)ထိ(၁၈)နှစ်(၁၇)၏သား
(၁၉)သူရိယယေနု(၁၅၆-၁၇၈)ထိ(၂၂)နှစ်(၁၈)၏သား
(၂၀)သူရိယကံသ(၁ရ၈-၁၉၄)ထိ(၁၆)နှစ်(၁၉)၏သား
(၂၁)သူရိယသကျ(၁၉၄-၂၀၂)ထိ(၈)နှစ်(၂၀)၏ဘထွေး
(၂၂)သူရိယသီရိ(၂၀၂-၂၂၂)ထိ(၂၀)နှစ်(၂၁)၏သား
(၂၃)သူရိယကေသီ(၂၂၂-၂၄၁)ထိ(၂၁)နှစ်(၂၂)၏သား
(၂၄)သူရိယကုမ္မာ(၂၄၁-၂၇၃)ထိ(၃၂)နှစ်(၂၃)၏သား
(၂၅)သူရိယကေတု(၂၇၁-၃၂၇)ထိ(၅၆)နှစ်(၂၄)၏သား

ဝေသာလီ[ကျောက်လှေကား]ခေတ်မင်းဆက်များ

(၁)မဟာစန္ဒြား(၃၂၇-၃၈၄)ထိ(၅၇)နှစ်။သူရိယကေတု၏သား
(၂)သူရိယစန္ဒြား(၃၈၄-၄၃၃)ထိ(၄၉)နှစ်(၁)၏သား
(၃)မောလစန္ဒြား(၄၃၃-၄၈၁)ထိ(၄၈)နှစ်(၂)၏သား
(၄)ပေါလစန္ဒြား(၄၈၁-၅၂၇)ထိ(၄၆)နှစ်(၃)၏သား
(၅)ကာလစန္ဒြား(၅၂၇-၅၇၆)ထိ(၄၉)နှစ်(၄)၏သား
(၆)ထူလစန္ဒြား(၅ရ၆-၅၉၅)ထိ(၁၉)နှစ်(၅)၏သား
(ရ)သီရိစန္ဒြား(၅၉၅-၆၆၇)ထိ(၇၂)နှစ်(၆)၏သား
(၈)သင်္ဂစန္ဒြား(၆၆၇-၇၃၃)ထိ(၆၆)နှစ်(၇)၏သား
(၉)စူဠစန္ဒြား(၇၃၃-၇၆၉)ထိ(၃၆)နှစ်(၈)၏သား
(၁)အမြတူ(မြို့(၆၉-၇၇၆)ထိ(ရ)နှစ်(မျိုးခြားမင်း)
(၂)ပဲဖြူ(၇၇၆-၇၉၃)ထိ(၁၇)နှစ်(အမြတူ၏ညီသား)
-မင်းမဲ့ကာလ(၇၉၃-၇၉၄)ထိ(၁)နှစ်(မင်းမရှိသောကာလ)
(၁၀)ငတုံမင်း(၇၉၄-၈၁၈)ထိ(၂၄)နှစ်(စူဠစန္ဒြား၏သား)

ပဉ္စာခေတ်မင်းဆက်များ

(၁)ခေတ္တသင်(၈၁၈-၈၂၈အေဒီ)ထိ(၁၀)နှစ်(စူဠစန္ဒြရားတူစန္ဒကူး၏သား)
(၂)စန္ဒသင်(၈၂၈-၈၄၃)ထိ(၁၅)နှစ်(ခေတ္တသင်၏ညီ)
(၃)မင်းသင်ဖြူ(၈၄၃-၈ရ၃)ထိ(၃၀)နှစ်(၁)၏သား
(၄)နာဂသူရိယ(၈၇၃-၉၀၄)ထိ(၃၂)နှစ်(၂)၏သား
(၅)ပုဏ္ဍက(၉၃၆-၉၆၉)ထိ(၃၃)နှစ်(၄)၏သား
(၆)မင်းကြီးဖြူ(၉၆၉-၉၈၄)ထိ(၁၅)နှစ်(၅)၏သား
(၁)စည်သဘင်(၉၈၄-၉၈၆)ထိ(၂)မျိုးခြားမင်း
(ရ)မင်းနု(၉၈၆-၁၀၁၄)ထိ(၂၈)နှစ်(မင်းကြီးဖြူ၏သား)
(၈)မင်းလာတော်(၁၀၁၄-၁၀၃၄)ထိ(၂၀)နှစ်(ရ)၏သား
(၉)မင်းကုလား(၁၀၃၄-၁၀၆၂)ထိ(၂၈)နှစ်(၈)၏သား
(၁၀)မင်းဘီလူး(၁၀၆၂-၁၀၆၈)ထိ(၆)နှစ်(၉)၏သား
(၁)၀ရောင်းငှက်အသင်္ခယာ(၁၀၆၈-၁၀၇၆)ထိ(၈)နှစ်(ကြားမင်း)
(၂)မင်းဘုန်းသန်(၁၀၇၆-၁၀၉၀)ထိ(၁၄)နှစ်(အသင်္ခယာ၏သား)
(၃)မင်းမတ်(၁၀၉၀-၁၁၀၃)ထိ(၁၃)နှစ်(မင်းဘုန်းသန်၏သား)

ပရိန်[ပဋ္ဌမ]ခေတ်မင်းဆက်များ

(၁)လင်္ကျာမင်းနန်(၁၁၀၃-၁၁၀၉)ထိ(၆)နှစ်(မင်းဘီလူး၏မြေး)
(၂)မင်းသီဟ(၁၁၀၉-၁၁၁၀)ထိ(၁)နှစ်(၁)၏သား
(၃)ရာဇာကြီး(၁၁၁၀-၁၁၁၃)ထိ(၃)နှစ်(၂)၏သား
(၄)သကျဝင်ကြီး(၁၁၁၃-၁၁၁၅)ထိ(၂)နှစ်(၃)၏သား
(၅)သကျဝင်ငယ်(၁၁၁၅-၁၁၁၈)ထိ(၃)နှစ်(၄)၏သား
(၆)ကောလိယ(၁၁၁၈-၁၁၂၃)ထိ(၅)နှစ်(၅)၏သား

ပရိန်[ဒုတိယ]ခေတ်မင်းဆက်များ

(၁)ဒဿရာဇာ(၁၁၂၃-၁၁၃၉)ထိ(၁၆)နှစ်(ကောလိယ၏သား)
(၂)အနန္ဒသီရိ(၁၁၃၉-၁၁၄၂)ထိ(၃)နှစ်(၁)၏သား
(၃)မင်းဖုန်းစား(၁၁၄၂-၁၁၄၉)ထိ(၇)နှစ်(အနန္ဒသီရိ၏ညီ)
(၄)ပဉ္စဏလ၀တ်(၁၁၄၉-၁၁၅၁)ထိ(၂)နှစ်(၃)၏သား
(၅)ဓနရူပေါ(၁၁၅၁-၁၁၆၀)(၉)နှစ်(၄)၏သား
(၆)စလင်ကာဗိုလ်အမတ်(၁၁၆၀-၁၁၆၁)ထိ(၁)နှစ်(၅)၏သား
(ရ)မဉ္စူသင်(၁၁၆၁-၁၁၆၁)ထိ(၅)နှစ်(ဓနရူပေါ၏သား)
(၈)ငရံမံ(၁၁၆၆-၁၁၆၈)ထိ(၂)နှစ်(၇)၏သား
(၉)မင်းပုဂံ(၁၁၆၈-၁၁၇၀)ထိ(၂)နှစ်(၈)၏သား
(၁၀)ငရက္ခိုင်(၁၁ရ၀-၁၁၇၃)ထိ(၃)နှစ်(၉)၏သား
(၁၁)မင်းကြုံ(၁၁ရ၃-၁၁၈၅)ထိ(၁၂)နှစ်(၁၀)၏သား
(၁၂)မင်းဆူ(၁၁၈၅-၁၁၉၀)ထိ(၅)နှစ်(၁၁)၏သား
(၁၃)ရွှေသင်(၁၁၉၀-၁၁၉၃)ထိ(၃)နှစ်(၁၂)၏သား
(၁၄)မင်းခေါင်ကြီး(၁၁၉၃-၁၂၀၄)ထိ(၆)နှစ်(၁၃)၏သား
(၁၅)မင်းခေါင်ငယ်(၁၁၉၉-၁၂၀၄)ထိ(၅)နှစ်(၁၄)၏သား
(၁၆)ကမ္ဘာလောင်ကြီး(၁၂၀၄-၁၂၁၀)ထိ(၆)နှစ်(၁၅)၏သား
(၁ရ)ကမ္ဘာလောင်ငယ်(၁၂၁၀-၁၂၂၀)ထိ(၁၀)နှစ်(၁၆)၏သား
(၁၈)သကျဝင်ကြီး(၁၁၂၀-၁၂၂၂)ထိ(၂)(၁၇)၏သား
(၁၉)သကျဝင်ငယ်(၁၂၂၂-၁၂၃၂)ထိ(၁၀)နှစ်(၁၈)၏သား
(၂၀)သနပင်ဖြူ(၁၂၃၂-၁၂၃၅)ထိ(၃)နှစ်(၁၉)၏သား
(၂၁)နယ်သိမ်း(၁၂၃၅-၁၂၄၆)ထိ(၁၁)နှစ်(၂၀)၏သား
(၂၂)ငနလုံး(၁၂၄၆-၁၂၅၀)ထိ(၄)နှစ်(၂၁)၏သား

လောင်းကြက်ခေတ်မင်းဆက်များ

(၁)လောမာဖြူ(၁၂၅၀-၁၂၅၆)ထိ(၆)နှစ်(ငနလုံး၏သား)
(၂)ရာဇာသူကြီး(၁၂၅၆-၁၂၅၈)ထိ(၂)နှစ်(၁)၏သား
(၃)စောလူး(၁၂၅၈-၁၂၆၁)(၃)နှစ်(၂)၏သား
(၄)ဥစ္စနာကြီး(၁၂၆၁-၁၂၆၉)ထိ(၈)နှစ်(၃)၏သား
(၅)စောမွန်ကြီး(၁၂၆၉-၁၂၇၃)ထိ(၄)နှစ်(၄)၏သား
(၆)နန်းကျကြီး(၁၂၇၃-၁၂၇၇)ထိ(၄)နှစ်(၅)၏သား
(ရ)မင်းဘီလူး(၁၂၇၇-၁၂၈၁)ထိ(၄)နှစ်(၆)၏သား
(၈)စည်သဘင်အမတ်ကြီး(၁၂၈၁-၁၂၈၃)ထိ(၂)နှစ်
(၉)မင်းထီး(၁၂၈၃-၁၃၈၉)ထိ(၁၀၆)နှစ်(မင်းဘီလူး၏သား)
(၁၀)ဥစ္စနာငယ်(၁၃၈၉-၁၃၉၁)ထိ(၂)နှစ်(၉)၏သား
(၁၁)သီဝရာဇ်(၁၃၉၁-၁၃၉၂)ထိ(၁)နှစ်(၁၀)၏ညီ
(၁၂)နန်းကျငယ်(၁၃၉၂-၁၃၉၄)ထိ(၂)နှစ်(၁၁)၏ညီ
(၁၃)ရာဇသူ(၁၃၉၄-၁၃၉၆)ထိ(၂)နှစ်(၁၂)၏သား
(၁၄)စည်သဘင်အမတ်(၁၃၉၆-၁၃၉ရ)ထိ(၁)နှစ်
(၁၅)မြင်စည်စားအမတ်(၁၃၉၇-၁၃၉၇)ထိ(၅)လ
(၁၆)ရာဇသူမင်း(၁၃၉၇-၁၄၀၁)ထိ(၄)နှစ်
(၁ရ)သိင်္ဂသူ(၁၄၀၁-၁၄၀၄)ထိ(၃)နှစ်(၁၆)၏ညီ

မြောက်ဉ်ီး[ပဋ္ဌမ]ခေတ်မင်းဆက်များ

(၁)မင်းစောမွန်(၁၄၀၄-၁၄၃၃)ထိ(၂၉)နှစ်(ရာဇသူ၏သား)
(၂)အလီခင်(၁၄၃၃-၁၄၅၈)ထိ(၂၅)နှစ်(၁)၏ညီ
(၃)ဘစောဖြူ(ကုလမသျှာ)(၁၄၅၈-၁၄၈၁)ထိ(၂၃)နှစ်(၂)၏သား
(၄)မင်းဒေါ်လျာ(ဆင်ဖြူရှင်)(၁၄၈၁-၁၄၉၁)ထိ(၁၀)နှစ်(၃)၏သား
(၅)မင်းညို(၁၄၉၁-၁၄၉၃)ထိ(၂)နှစ်(၄)၏ပထွေး
(၆)ရန်အောင်(၁၄၉၃-၁၄၉၄)ထိ(၆)လ(၄)၏သား
(ရ)စလင်္ကာသူ(၁၄၉၄-၁၅၀၁)ထိ(ရ)နှစ်(၆)၏ဦးကြီး
(၈)မင်းရာဇာ(၁၅၀၁-၁၅၁၃)ထိ(၁၂)နှစ်(ရ)၏သား
(၉)ကဇာပတိ(၁၅၁၃-၁၅၁၅)ထိ(၂)နှစ်(၈)၏သား
(၁၀)မင်းစောအို(၁၅၁၅-၁၅၁၅)ထိ(၆)လ(မင်းရာဇာ၏ပထွေး)
(၁၁)သဇာတာ(၁၅၁၅-၁၅၂၁)ထိ(၆)နှစ်(၄)၏သား
(၁၂)မင်းခေါင်ရာဇာ(၁၅၂၁-၁၅၃၁)ထိ(၁၀)နှစ်(၁၁)၏ညီ

မြောက်ဦး[ဒုတိယ]ခေတ်မင်းဆက်များ
(၁)မင်းဗာကြီး(၁၅၃၁-၁၅၅၃)ထိ(၂၂)နှစ်(မင်းရာဇာ၏သား)
(၂)မင်းတိက္ခာ(၁၅၅၃-၁၅၅၆)ထိ(၃)နှစ်(၁)၏သား
(၃)မင်းစောလှ(၁၅၅၆-၁၅၆၄)ထိ(၈)နှစ်ကျော်(၂)၏သား
(၄)စကြ၀ဒေး(၁၅၆၄-၁၅၇၁)ထိ(ရ)နှစ်(၃)၏ညီ
(၅)မင်းဖလောင်း(၁၅ရ၁-၁၅၉၃)ထိ(၂၂)နှစ်(မင်းဗာကြီး၏သား)
(၆)မင်းရာဇာ(၁၅၉၃-၁၆၁၂)ထိ(၁၉)နှစ်(၅)၏သား
(ရ)မင်းခမောင်း(၁၆၁၂-၁၆၂၂)ထိ(၁၀)နှစ်(၆)၏သား
(၈)သီရိသုဓမ္မရာဇာ(၁၆၂၂-၁၆၃၈)ထိ(၁၆)နှစ်(၇)၏သား
(၉)မင်းစနေ(၁၆၃၈-၁၆၃၈)ထိ(၂၀)ရက်(၈)၏သား

မြောက်ဦး[တတိယ]ခေတ်နောက်ဆုးံမင်းဆက်များ

(၁)နရပတိမင်း(ကုသလ)(၁၆၃၈-၁၆၄၅)ထိ(၇)နှစ်
(၂)သတိုးဓမ္မရာဇာ(၁၆၄၅-၁၆၅၂)ထိ(၇)နှစ်(၁)၏သား
(၃)စန္ဒသုဓမ္မရာဇာ(၁၆၅၂-၁၆၇၄)ထိ(၂၂)နှစ်(၂)၏သား
(၄)ဥက္ကာဗလ(၁၆၇၄-၁၆၈၅)ထိ(၁၁)နှစ်(၃)၏သား
(၅)၀ရဓမ္မရာဇာ(၁၆၈၅-၁၆၉၂)ထိ(၇)နှစ်(၄)၏ညီ
(၆)မဏိသုဓမ္မရာဇာ(၁၆၉၂-၁၆၉၄)ထိ(၂)နှစ်(၅)၏နောင်တော်
(ရ)စန္ဒသူရိယဓမ္မရာဇာ(၁၆၉၄-၁၆၉၆)ထိ(၂)နှစ်(၆)၏ညီ
(၈)ငတုံနော်ရထာ(၁၆၉၆-၁၆၉၆)ထိ(၃၇)ရက်(၇)၏သား
(၉)မာရုပိယ(၁၉၆၉-၁၉၆၇)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၀)လာလကန္တတ်(၁၉၆၇-၁၉၆၈)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၁)ရွှေဝါနရာဓိပတိ(၁၆၉၈-၁၇၀၀)ထိ(၂)နှစ်(မင်းသား)
(၁၂)စန္ဒ၀ိမလဓမ္မရာဇာကျော်သိင်္ဂ(၁၇၀၀-၁၇၀၆)ထိ(၆)နှစ်
(၁၃)သူရိယရာဇာသတိုးလှ(၁၇၀၆-၁၇၁၀)ထိ(၄)နှစ်
(၁၄)စန္ဒ၀ိဇာရာဇာတန္တဗိုလ်(၁၇၁၀-၁၇၃၁)ထိ(၂၁)နှစ်
(၁၅)သာမစန္ဒသူရိယရာဇာ(၁၇၃၁-၁၇၃၄)ထိ(၃)နှစ်(၁၄)၏သမက်
(၁၆)နရာအဓိပတိ(၁၇၃၄-၁၇၃၅)ခု(၁)နှစ်(၁၅)၏သား
(၁ရ)န၀မရရာဇာ(၁၇၃၅-၁၇၃၇)ထိ(၂)နှစ်(၁၆)၏ညီ
(၁၈)စန္ဒ၀ိဇယ(၁၇၃ရ-၁၇၃ရ)ထိ(၈)လ(၁၇)၏ဘကြီးသားညီ
(၁၉)သူရတန်ရာဇာ(၁၇၃ရ-၁၇၃ရ)ထိ(၃-ရက်)မျိုးခြား
(၂၀)မေတ္တရာဇ်(၁၇၃ရ-၁၇၄၂)ထိ(၅)နှစ်(စန္ဒ၀ိဇယ၏ညီ)
(၂၁)နရအဘယရာဇာ(၁၇၄၂-၁၇၆၁)ထိ(၁၉)နှစ်(၂၀)၏ပထွေး
(၂၂)သီရိသုရာဇာ(၁၇၆၁-၁၇၆၁)ထိ(၃)လ(၂၁)၏သား
(၂၃)စန္ဒပရမရာဇာ(၁၇၆၁-၁၇၆၄)ထိ(၃)နှစ်(၂၂)၏ညီ
(၂၄)အဘယမဟာရာဇာ(၁၇၆၄-၁၇၇၃)ထိ(၉)နှစ်(၂၃)၏ယောက်ဖ
(၂၅)ဒါးပိုင်သောကြာ(စန္ဒသုမန)(၁၇ရ၃-၁၇၃၇)ထိ(၄)န

Photo: ရခိုင်လူမျိုး သမိုင်း အကျဉ်းချုပ်

 12:00 PM Posted by arakan Labels: သမိုင်း

ဖိနှိပ်မှူများလာလေ တွန်းကန်တတ်လာလေ နှင့် နိုင်ငံရေးလှည့်ကွက်
========================
တချိန်က မြန်မာတနိုင်ငံလုံးကို စစ်အာဏာနှင့် ဖိနှိပ် အုပ်ချုပ်ခဲ့သော မဆလ ခေါ်
တပါတီ စစ်အာဏာရှင်ကို ၁၉၈၈ မှာ မြန်မာပြည်သူများ တွန်းလှန်ခဲ့ကြပြီဆိုသည်ကို
လူတိုင်းအသိပင်ဖြစ်ပေ၏ သို့သော် နိုင်ငံရေး သမားများမှ အပ ယင်းအချိန်ကို
မမှီလိုက်သော လူငယ်များ မသိလိုက်သော အချက်တချက်ရှိနေပေသည်။
ထိုအချက်ကား မီဒီယာဟု ခေါ်သော သတင်းသမားများဖြစ်သ်ာဆိုလျှင်
မှားမည်မဟုတ်ချေ ထိုသတင်းသမား များနှင့်အတူ မြန်မာတနိုင်ငံလုံးတွင် တချိန်က
အင်အားအကောင်းဆုံး စည်းရုံးရေးနှင့် ဝါဒဖြန့်ချီမှူ ဖွဲစည်းပုံတိကျသော
ဆင်းရဲသားကို အခြေခံသော အရင်းရှင်များကို တွန်းလှန်ဖြိုဖျက်ခဲ့သော ဗကပ ခေါ်
ဗမာပြည် ကွန်မြူနစ်ပါတီ အမာခံ ကေဒါများပင်ဖြစ်လေသည်။
အဘယ်မျှလောက်ထိ ဗကပ အရိုးစွဲပါသလဲဆိုလျှင် တိုင်းရင်းသားလူမျိုးများသည်
ယနေ့ထိ မြန်မာနိုင်ငံအား ဗမာပြည်ကွန်မြူနစ် စနစ်ဖြစ်ရေးကို မနေ့က
ကျွန်ုပ်ကိုယ်တိုင် ရခိုင်အမျိုးသား ဗကပ ကေဒါတယောက်နှင့် တွေ့ခါမှ တိတိကျကျ
သိခဲရလေသည်။ ထိုရခိုင်အမျိုးသားကား ကိုကိုကျွန်းတွင် တသက်တကျွန်း
ကျခံနေစဉ်အတွင်း ဗကပ ဗဟိုမှ အမိန့်ပေး စေခိုင်းသည့် အတွက် ကိုကိုကျွန်းတွင်
အစာငတ်ခံ ဆန္ဒပြခဲ့ပုံ သေဆုံးပုံ သစ်လုံးကြီးများကို သင်္ဘောပျက်မှ သံထည်များဖြင့်
တောထဲတွင် တနှစ်အချိန်ကြန့်ကြာသည်အထိ လှေထွင်းပုံ ပင်လယ်ပြင်ကို
သက်စွန့်ထွက်ပြေးခဲ့ပုံများကို ဂုဏ်ယူဝင့်ကြွားစွာ အားပါးတရ ပြောပြနေလေသည်။
ကျွန်ုပ်၏ အဓိကဆိုလိုချက်ကို ဆက်ပါမည်။ ထိုကဲ့သို့ ဇွဲရှိသော ဗကပ များနှင့်
ပြည်ပမီဒီယာများက (ပြည်ပမီဒီယာများထဲတွင်ပင် ဗကပ များပါဝင်နေပါသည်)
မြန်မာနိုင်ငံအား ဒီမိုကရေစီ အသွင်ပြောင်း တိုက်ကွက်ဆင်လိုက်သော အခါ
(၂၆)နှစ်တိတိ မော်မဖူးရဲလောက်အောင် မဆလ အုပ်ချုပ်မှူ စက်ယန္တရားကြီး
အစိပ်စိပ်အမွှာမွှာ ပြိုလဲခဲ့ပါတော့သည်။ ဤကား ဗကပ နှင့် မြန်မာမီဒီယာ
စွမ်းအားပင်ဖြစ်ချေသည်။ ယ္ခုကား ဒီမိုကရေစီ တိုက်ပွဲ ပြီးဆုံးခဲ့လေပြီ လူဝတ်လဲ
စစ်အစိုးရကို အဓိကထား တိုက်ခိုက်ရန် မဟုတ်မူဘဲ တိုင်းရင်းသားပေါင်းစုံ
ပါဝင်သော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး
ပေါ်ပေါက်မလာအောင်(ပေါ်ပေါက်လာက ဗမာတကျပ် ရှမ်းတကျပ် ဖြစ်လာမည်ကို
သိ၍) တိုက်ကွက် သို့ မဟုတ် နိုင်ငံရေး လှည့်ကွက် ကစားနေကြခြင်းမျှသာ
ဖြစ်ပေသည်။ ကွန်မြူနစ်ကို ယုံကြည်သူများသည် မည်သည့်ဘာသာရေးကိုမျှ
မယုံကြည် လက်မခံကြပေ အလွန်ကြောက်စရာ ကောင်းသော ဘာသာမဲ့
ဝါဒကြီးပင်တည်း ထိုဝါဒကိုင်စွဲနေကြသော ပြည်ပမီဒီယာ ကြီးများနှင့်
လူ့အခွင့်အေရး သင်တန်းတက်ထားသူများ အိမ်ရှင်ဧည့်သည် မရှိဆိုသူများ
လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မခွဲကြေး ဆိုသူများ မိမိအာဏာတခု
ထိုင်ခုံတခုသာ ရစေဖို့ အရေး ကိုယ်ကျိုးရှာသူများနှင့် သူတော်ချင်းချင်း
သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့  ဆိုသည့်စကားပုံမှာ လုံးဝမှန်ကန်နေပေသည်။
သမိုင်းတွင်မရှိသော လူမျိုးတမျိုးကို ကျွန်ုပ်တို့ လက်ခံဖို့ ဆိုသည်မှာ
လုံးဝမဖြစ်နိုင်ပေ ထိုနည်းတူ ဗုဒ္ဓဘာသာကိုသာ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက်
သက်ဝင်ယုံကြည်ခဲ့ကြသော ကျွန်ုပ်တို့ အတွက်ကား ပြဒါးတလမ်း
သံတလမ်းပင်ဖြစ်ချေ၏ ထို့ကြောင့် ဗကပ ဘာသာမဲ့ အစွမ်းရောက် ခြေထိုးမီဒီယာ
oic အထောက်အပံ့ခံ မီဒီယာတိုက်ကွက် လှည့်ကွက်များကို လူငယ်များ
သတိကြီးစွာထားရပေတော့မည် မည်ကဲ့သို့ လှည့်ကွက်ဆိုပါမူ တချိန်က ဘဂ်လီ
ခေါတော ကုလား ဟုမသုံးဘဲ (ရိုဟင်ဂျာ)ကိုသာ ဟိုက်လက်တင်ကာ
သုံးခဲ့သည်သာမက ယ္ခုအခါ ကမန် မွတ်ဆလင် ဟု တွင်ကျယ်စွာ သံတွဲဖြစ်ရပ်
နောက်ကွယ်တွင် ရေးသားနေကြပေသည်။ သို့ဆိုလျှင် မောင်တောဖြစ်စဉ်တွင်
(မွတ်ဆလင် ဘာသာဝင်များ ဗုဒ္ဓဘာသာဝင်နေအိမ်များကို ရခိုင်ပြည်နယ်
မောင်တောတွင် စတင်မီးရှို့ ) ဤသို့ အဘယ်ကြောင့် မရေးခဲလေသနည်း
ထိုမေးခွန်းများတွင် အဖြေဘယ်သောခါမျှ မရနိုင်ပါ အချုပ်ဆိုရပါမူ မိမိဘာသာ
သာသနာ မိမိလူမျိုး မိမိမွေးရပ်မြေကို မိမိတို့ သတ္တိ အသိ ဇာတိဂုဏ်
မျိုးချစ်စိတ်ဓါတ်ပေါင်း များစွာဖြင့် ကာကွယ်ရန်သာရှိချေတော့သေည် (သို့)
ဖိနှပ်မှူများလာလေလေ တွန်းကန်မှူ ဖြစ်တည်လာလေလေ ဆိုသည်ကို အနှီ အရိုးစွဲ
ဗကပများ ပြည်ပ ကုလားလက်အောက်ခံ မီဒီယာများ နာမည်ကြီးပါတီကြီးများ
အိမ်ရှင်ဧည့်သည် မသိသူများ လူမျိုးဘာသာ မရှိသူများ သိနိုင်တန်ကောင်းပါ၏
အကယ်၍ ခေတ်အဆက်ဆက်ယနေ့ထိ တသမတ်တည်း ဖိနှိပ်တာကို ခံနေခဲ့ရသော
တိုင်းရင်းသား တရပ်လုံး တချိန်တည်း တွန်းကန်လာခဲ့ပါလျှင်မူကားဆိုသည့်မေးခွန်း
အဖြေကို သင်တို့ နိုင်ငံရေး လှည့်ကွက် ကစားလာကြသော ပုဂ္ဂိုလ်များ သာ
အသိဆုံးဖြစ်ပေလိမ္မည်ဟု တင်ပြလိုက်ရပေသည်။
အဖိုးသျှင် (လေးဝတီ)
2 hours ago

အသျှာနီဝန်း၏ဘဝနိဂုံးချုပ်လားရေရက်

ခိုင်မြဲရေသမိုင်းစာအုပ်ထဲမှာ
September ကိုး
၁၉၃၉ ရက်စွဲနန့်
အသျှာနီဝန်း၏ဘဝ
နိဂုံးချုပ်လားရေရက်...။

မမိနိုင်သူရို့
နှစ်ပတ်လည်လို့
September ရောက်တိုင်း
ရင်ထဲမှာတလှိုင်လှိုင်ဆန္ဒ
၉ရက်နိန့်ကိုမှန်းဆ...။

သူ့ဇွဲနန့်သတ္တိကို
နပိုလီယွန်ထက်
တဝက်ကျော်ဗျာလ်နှိုင်း
စာပီဝိုင်းပြောပွဲလေ့ဟိသီးယင်း.....။

အာဇာနည်ကြီး
ကိုယ်ကျိုးကိုစွန့်
ခိုင်ခံ့ရေဇွဲကိုတင်း
အာသျှမြီမျက်နှာပြင်မှာ
နီရောင်ရဖို့သူစွမ်းနိုင်ခ..။

သူလုပ်ခအလုပ်နန့်
သူဆင်ခရေဂုဏ်ပုဒ်ကြောင့်
သမိုင်းစာမျက်မှာ
အာသျှနီဝန်းဆိုရေစာကြောင်း
အမှန်ပင်တွိနီရဗျာလ်...။

သူမွီးခရေဒေသက
ဆွီမျိုးသားရင်းတိ
ရိုးတောင်ကွယ်လို့
ဂျောင်ပိတ်ဗျာလ်အမှောင်မိ
သူပီးလားရေအလင်းရောင်
တဖေ့ချေတောင်အရောင်မဟပ်ခ.......။

အကြောင်းစုံကိုသိဖို့
သမိုင်းစာမျက်နှာထဲက
သူ့အတ္တုပ္ပတ္တိလှန်ကြည့်ရေခါ
ဟေမာလယတောင်တန်းကြီးကိုကျော်
အိန္ဒိယတိုင်းပြည်ကြီးကိုတောင်
နီမင်းကြီး၏အလင်းတန်းက
အရောင်တဖြတ်ဖြတ်ဆင်းသက်ခသီးလာတ်..။

ယပိုင်ဆိုကေ
အာသျှနီဝန်းဆိုရေအဆိုကို
အမှန်ပင်လက်ခံလိုက်ပါဗျာလ်...။

အာသျှတခွင်ကိုအလင်းပီးခ
အာသျှနီမင်းကြီး၏
အလင်းတန်းမထင်ဟပ်နိုင်ခ
ရခိုင်ပြည်စွာ
သန်းပါင်းလေးဆယ်ကျော်ကျယ်ပြန့်ရေ
အသျှတိုက်ကြီး၏
မြီမျက်နှာပြင်အတွင်းကမဖြစ်နိုင်.....။

ရခိုင်ဆိုစွာကိုယ်ကိုပိုင်ထီးနန်းနန့် နီထိုင်လာရေလူမျိုးတမျိုးဖြစ်ပါရေ.

 ရခိုင်ပြည် ကို 1146 ခုနှစ်မှာ
ဘိုးတော်မောင်ဝိုင်း သိမ်းယူပြီးနောက် သူ့ကျွန် ဘ၀ ရောက်ပြီး လူလုံးမလှ
ဖြစ်နိန်ရေ ရခိုင်သားရို့သည် ဗမာတိကို တိုက်ဖို့ အတွက် အချက်(၁၀)ချက်ပါရေ
စာချုပ်ကို အင်္ဂလိပ်တိနန့် အပြန်အလှန် အကျေအလည် ဆွေးနွေးပြီး စာချုပ်
ချုပ်ဆိုခသည်။ ထိုစာချုပ်ကို ရခိုင်ခေါင်းဆောင်တိနန့် အင်္ဂလိပ်ခေါင်းဆောင်တိက
အောက်ပါအတိုင်း သဘောတူခကတ်သည်။
စာချုပ် ချုပ်ဆိုခရေ ရခိုင်ဖက်က ခေါင်းဆောင်ပုဂ္ဂိုလ်တိမှာ
(၁) မင်းသားကြီးရွှေဗန်း
(၂) မြို့သူကြီးအောင်ကျော်ဇံ
(၃) ဒေးဝန်းကြီးအောင်ကျော်ရွှီ ရို့ ဖြစ်ကြပြီးကေ၊
အင်္ဂလိပ်တိဘက်က ခေါင်းဆောင်တိမှာ
(၁) မင်းကြီး ဒိန်သျှန်
(၂) ယ၀ါသတ်ခေါ် ရာပသိန်သတ်
ရို့ဖြစ်ကတ်ပြီးကေ အောက်ပါသဘောတူ အချက်(၁၀)ချက်ကို ချုပ်ဆိုခကတ်ပါရေ။
(၁) ဗမာတပ်ကို ရခိုင်ပြည်က အပြီးအပိုင် မောင်းထုတ်ပီးရဖို့။
(၂) အင်္ဂလိပ်ထံမှ လက်နက်အကူအညီပီးရဖို့၊ စစ်သားအချို့ ကူညီရဖို့။
(၃)စစ်ကာလအတွင်း အင်္ဂလိပ်တိဖက်က ကုန်ကျရေ စစ်စရိတ်ကို ထုတ်သုံးထားဖို့။
(၄) ဗမာတိ ရခိုင်ပြည်က ထွက်လားပြီးရေ နောက်ပိုင်းမှာ ရခိုင်ပြည်ကို
ရခိုင်အကြီးအကဲ(မင်းသား)တိလက်ကို ပြန်အပ်ရဖို့။
(၅) စစ်ပြီးလားကေ စစ်အတွင်း အသုံးစရိတ်(၂)ဆကို ရခိုင်တိဖက်က
အင်္ဂလိပ်တိကို ပြန်လျှော်ပီးရဖို့။
(၆)အင်္ဂလိပ်တိရေ ရခိုင်ပြည်သူတိကို မရက်စက် မစော်ကားဖို့နန့် စာချုပ်ပါ ကတိ
တည်ဖို့။
(၇) စစ်ပြီးလားကေ အင်္ဂလိပ်အစိုးရရေ ရခိုင်ပြည်က လုံးဝဥဿုံ ထွက်ခွါပီးရဖို့။
(၈) စစ်တိုက်ကေ ရခိုင်တိက အင်္ဂလိပ်စစ်တပ် ရှိက လမ်းပြချီတက်ပြီး စတိုက်ရဖို့။
(၉) ကုန်းတပ်ရီတပ်တိမှာ နှစ်ဦးနှစ်ဖက် တာဝန်ယူဖို့၊ တူညီမျှတ အားသွန်ခွန်စိုက်
ရွပ်ရွပ်ချွန်ချွန် တိုက်ထုတ်ရဖို့။
(၁၀) စစ်အတွင်း လိုအပ်တေရိက္ခာကို ရခိုင်တိက လုံးဝတာဝန်ယူရဖို့ စော်ရို့
ဖြစ်ပါရေ။
ယင်းပိုင် စာချုပ်ချုပ်ဆိုပြီးကေ ရခိုင် အင်္ဂလိပ် စစ်တပ် ပူးတွဲပြီးကေ ၁၈၂၄ ခု
မတ်လမှာ စတင်တိုက်ခိုက်ကတ်ပါရေ ။ ယင်းပိုင် မခံချင်သောစိတ် ကိုယ်ပြည်
ကိုယ့်နိုင်ငံကို လိုသောချင်စိတ် သူကျွန်မခံလိုသော စိတ် နန့် စစ်တိုက်ရေခါ ရခိုင်ကို
စိုးမိုးအုပ်ချုပ်နိန်ရေ ဗမာလူမျိုးတိလည်း ရခိုင်ပြည်က စစ်ရှုံးပြီးကေ
ဆုတ်ခွါလားခရပါရေ။ နောက်ပိုင်းမှာ ရန္တပိုစာချုပ်နန့် ဗမာ အဂ်လိပ် ရိုရေ
စစ်ပြေငြိမ်းလိုက်ကတ်ပါရေ။
ရခိုင်ပြည်မှာ အုပ်ချုပ်ခရေ ဗမာမြို့ဝန်တိမှာ အောက်ပါအတိုင်းဖြစ်ပါရေ။
(ရခိုင်သက္ကရာဇ် )
၁ ၊ နန္ဒပကျန် ၁၁၄၆ + ၄ = ၁၁၅၀ ထိ
၂၊ အနောက်တိုက်ဝန် ၁၁၅၀ + ၂ = ၁၁၅၂ ထိ
၃၊ ပုသိန်ဝန်မင်း ၁၁၅၂ + ၁ =၁၁၅၃ ထိ
၎၊ တိုင်းတာဝန် ၁၁၅၃ + ၂ = ၁၁၅၅ ထိ
၅၊ မောင်ကျော်လှ ၁၁၅၅ + ၂ = ၁၁၅၇ ထိ
၆၊ စိန်ဘူး ၁၁၅၇ + ၁၈ = ၁၁၇၅ ထိ
ရ၊ နော်ရထာ ၁၁၇၅ + ၆ = ၁၁၈၁ ထိ
ဂ၊ မောင်ကြာရိုး ၁၁၈၄ +၃ = ၁၁၈၇ ထိ
၉၊ တရုတ်ဝန် စံပျော် ၁၁၈၄ + ၂ =၁၁၈၆ ထိ ဖြစ်ကတ်ပါရေ။
ဗမာကို အင်္ဂလိပ်တိနန့် ပူးပေါင်းတိုက်ပြီးကေ အောင်နိုင်ခကေလေ့
ကျားကိုကြောက်လို့ သျှင်ကိုကိုး သျှင်က ကျားထက်ဆိုးဆိုရေပိုင်
ရခိုင်သားတိဘ၀မှာ ကြုံလာ၇ပါရေ၊ စစ်တိုက်လို့ အောင်နိုင်ရေခါ အင်္ဂလိပ်က
အချုပ်အချာ အာဏာကို ရခိုင်လက်ထဲကို လွှဲမပီးဘဲ သူရို့တိရာ ရခိုင်တိရာ
ရခိုင်ပြည်ကို လက်နက်အားကိုနန့် အုပ်ချုပ်ကတ်ပါရေ ။
ထိုအခါ ရခိုင်ခေါင်းဆောင်တိက စာချုပ်ချုပ်ရေ ကတိကို မတည်
၊သစ္စာဖေါက်လားကတ်တေ အင်္ဂလိပ်တိကို မခံမရပ်နိုင်လို့ ဆက်ပြီးကေ
အင်္ဂလိပ်တိကို တော်လှန်ခကတ်ပါရေ။ ၄င်းတော်လှန်ရေး ရေ အမျိုးသာ
သစ္စာဖေါက် စံရဖွေ ကြောင့် တော်လှန်ရေး ခေါင်းဆောင်တိ အားလုံး
သီဆုံးလားခရပြီးကေ နောက် တော်လှန်ရေးတစ်ရပ်လုံး လည်း ကျဆုံးလားခပါရေ။
ယင်းနောက် ရခိုင်ပြည်ကို စစ်တကောင်းမြို့က နိန်ပြီးကေ အုပ်ချုပ်ခရေ
အင်္ဂလိပ်မင်းတိမှာ အောက်ပါအတိုင်း ဖြစ်ပါရေ။
(အင်္ဂလိပ်သက္ကရာဇ်)
1. Roberson 1824 – 1826
2. Richerd 1826-1826
3. Charles Paton 1826-1829
4. N J Halhed 1829- 1832
5. H. Walters 1832 – 1833
6. J.J Harvey 1833 – 1834
အထက်ပုဂ္ဂိုလ်တိရေ စစ်တကောင်းမြို့ မှ ရုံးစိုက်ပြီး အုပ်ချုပ်ခရေ
အင်္ဂလိပ်မင်းကြီးများဖြစ်ပါရေ။
စစ်တွေမြို့မှာ ရုံးစိုက်ပြီးကေ အုပ်ချုပ်ခရေ အင်္ဂလိပ်မင်းတိမှာ
အောက်ပါအတိုင်းဖြစ်ပါရေ။
7 . Captain J. Dickinson 1834 – 1837
8. C opten Archebold Bogle 1837 – 1848
9. J.H. Crow Ford 1848 -1849
10. R Cairnes Rackes 1849 = 1849
11. Arthur Purves Phayre 1849 – 1852
12. S. R. Tickell 1852 – 1852
13. Henry Hopengson 1853 – 1854
14. Gin Faithfull 1854 – 1855
15. Henry Hopkenson 1855 – 1857
16. Lt, col, G;verner 1857 – 1867
17. Colonel Eedwarel movd Ryan 1867 – 1867
18. Lt, Col. j.FJ Stevenson 1867 – 1872
19. Weloon Dawis 1872 – 1873
20 Lt Col. J.F.J Stevenson 1873 – 1873
21. Lt, Col ,H,R, Browne 1873 – 1873
22. Colonel, Edward Moodyran 1873 -1876
23. lt, Col, Haritio Neloon Davisa 1876 – 1876
တင်ပြသူ-
မောင်ဖြူ
မူလရင်းမြစ်

No comments:

အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ်